မိုးရာသီရောက်လာသောကြောင့် ဧရာဝတီတိုင်းတွင် အုန်းသီးအထွက်နှုန်းမြင့်လာပြီး တစ်ရက်လျှင် သောင်းချီဝင်လာသဖြင့် ဈေးနှုန်းအနည်းငယ်ချိုလာနိုင်ကြောင်း သိရသည်။ ယခင်က တစ်လုံး ၃၅၀၀-၆၀၀၀ ကျပ်အထိရောင်းချခဲ့သော်လည်း ယခု ကျိုက်လတ်ဒေသတွင် ၁၇၀၀ ကျပ်၊ ရန်ကုန်အရောက် ၂၀၀၀ ကျပ်အောက်ဈေးဖြင့် ရနိုင်သည်။



