ရန်ကုန်မြို့ရှိ ရပ်ကွက်ဈေးများတွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးများ ပုံမှန်အတိုင်း ရှိနေသော်လည်း အချို့ ကုန်ပစ္စည်းများ ဈေးမြင့်တက်လာသည်။ မြစ်သားကြက်သွန်နီတစ်ပိဿာ ၂၂၀၀–၂၄၀၀ ကျပ်၊ ဆိပ်ဖြူနှင့် မြင်းခြံကြက်သွန်နီများကလည်း တစ်ပိဿာ ၁၈၀၀–၂၀၀၀ ကျပ်ဈေးဖြင့် ရောင်းချနေကြသည်။ ကြက်သွန်ဖြူအမျိုးအစားများတွင် ကြူကုတ် ၁၅,၀၀၀–၁၆,၀၀၀ ကျပ်၊ ဗမာထူး ၁၃,၀၀၀ ကျပ်နှင့် ဥတစ်လုံး ၁၆,၀၀၀ ကျပ်ဈေးဖြင့် ရှိနေသည်။အာလူးတစ်ပိဿာ ၅,၀၀၀–၆,၀၀၀ ကျပ်၊ ချင်းတစ်ဆယ်သား ၆၀၀ ကျပ်ဖြင့် ပုံမှန်ရှိသော်လည်း ငရုတ်သီးမှုန့်များက တစ်ဆယ်သား ၃၀၀၀ ကျပ်အထိ ဈေးတက်လာသည်။ ပဲမျိုးစုံတွင်လည်း ဈေးနည်းငယ်တက်လာမှုရှိပြီး၊ ကုလားပဲခြမ်းတစ်ဆယ်သား ၁၀၀၀ ကျပ်၊ ပဲနီလေး ၂၀၀၀–၂၂၀၀ ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိသည်။အထူးသဖြင့် ရာသီမတော်နှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် အချို့အစားအသောက်ကုန်ဈေးများ တဖြည်းဖြည်း တက်လာနေသည်ဟု စျေးဝယ်လာသူများက ပြောကြသည်။



