back

ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်များတွင် ချေးငှားပြီး ထွက်ပြေးသူများတိုးလာခြင်းကြောင့် ငွေတိုးများအခက်ကြုံ

May 19 • 4:26 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်များတွင် ချေးငှားပြီး ထွက်ပြေးသူများတိုးလာခြင်းကြောင့် ငွေတိုးများအခက်ကြုံ

ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ငွေကြေးနှင့် အသုံးအဆောင်ပစ္စည်းများကို ချေးငှားပြီး ပြန်မဆပ်နိုင်သူများ၊ ထွက်ပြေးသူများ တဖြည်းဖြည်း တိုးလာနေခြင်းကြောင...

ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ငွေကြေးနှင့် အသုံးအဆောင်ပစ္စည်းများကို ချေးငှားပြီး ပြန်မဆပ်နိုင်သူများ၊ ထွက်ပြေးသူများ တဖြည်းဖြည်း တိုးလာနေခြင်းကြောင့် ငွေတိုးချေးသူများနှင့် ပစ္စည်းအငှားလုပ်ငန်းများ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။ မတ်တိုး၊ နေ့တိုးစနစ်ဖြင့် ချေးထားသူများက အတိုးနှင့်အရင်းကို မဆပ်နိုင်တော့ဘဲ မိသားစုအဖြစ်ပြေးနေကြပြီး၊ ဆိုင်ကယ်သုံးဘီးများနှင့် အုံနာပစ္စည်းများကိုလည်း ငှားယူပြီး ရောင်းစားထွက်ပြေးသည့်ဖြစ်ရပ်များ ဖြစ်ပွားလာကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ဖြစ်လာသည်မှာ စီးပွားရေးကျဆင်းမှုနှင့် လောင်းကစားအလေ့အထများကြောင့်ဖြစ်ကြောင်းဆိုပြီး၊ ယခုအခြေအနေသည် ရပ်ကွက်အသိုင်းအဝိုင်းတွင် ယခင်ထက် ပိုမိုသတိထားမိစေသလို၊ ချေးငှားမည့်သူများကို သေချာစိစစ်ရမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

20