ပြည်တွင်းတွင် ပေါ်ထွက်နေသော မူးယစ်ဆေးဝါးအမျိုးမျိုးတို့သည် ကမ္ဘာပေါ်ရှိနိုင်ငံများအား ခြိမ်းခြောက်နေသော အန္တရာယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအန္တရာယ်ကို စဉ်ဆက်မပြတ် တိုက်ဖျက်လျက်ရှိသော်လည်း အမြစ်မပြတ်နိုင်ဘဲ ဆက်လက်ကြီးထွားနေသည်ကို နေ့စဉ်ဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းများက သက်သေပြလျက်ရှိသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေးအသွင်အမျိုးမျိုးဖြင့် ရှာဖွေဖော်ထုတ်တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။



