မေလ၁၇ရက် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်ရှိ ရာဂီမုန်တိုင်းကြောင့် ထိခိုက်မှုရှိခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင်ရေးအတွက် ပြည်ပမှမှာယူထားေသာစက်ပစ္စည်းများ မကြာမီရောက်ရှိလာမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။မိုးမကျမီပြင်ဆင်ရမည့် လုပ်ငန်းများကို အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေးပြည်ပမှ မှာယူသောစက်ပစ္စည်းများ မကြာမီရောက်ရှိ လာတော့မည်ဖြစ်၍ ရောက်ရှိသည်နှင့် တစ်ပြိုင်တည်း ဦးစားပေးအမြန်တပ်ဆင်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရေးမှာကြားပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ေကြာင်း သိရသည်။



