back

ထမ်ဆန်းဂူအကျော် ၂ မိုင်အကွာလမ်းပိုင်းပြိုကျပြီး ပြုပြင်ရန် ညပိုင်းခေတ္တလမ်းပိတ်ထား

May 18 • 11:24 AM

breaking-news

မြန်မာ

ရှမ်း

cover

ထမ်ဆန်းဂူအကျော် ၂ မိုင်အကွာလမ်းပိုင်းပြိုကျပြီး ပြုပြင်ရန် ညပိုင်းခေတ္တလမ်းပိတ်ထား

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ထမ်ဆန်းဂူအကျော် ၂ မိုင်အကွာလမ်းပိုင်းတွင် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ညပိုင်း (၁၀) နာရီမှ စ၍ ခေတ္တ လ...

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ထမ်ဆန်းဂူအကျော် ၂ မိုင်အကွာလမ်းပိုင်းတွင် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ညပိုင်း (၁၀) နာရီမှ စ၍ ခေတ္တ လမ်းပိတ်ထားမည် ဖြစ်ကြောင်း သတင်း ကြားသိရသည်။မေလ ၁၂ရက်မှ ဇွန်လ ၃ ရက် အထိ ၊ ဆယ့်ငါးရက်တာ ကာလအတွင်း တောင်ပြိုမြေ ရှင်းလင်း ဆောင်ရွက်ခြင်း လုပ်ငန်းအား လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း လမ်းအသုံးပြုသူများထံ ကြိုတင် အသိပေးခဲ့ခြင်း ဖြစ်သည်။ထိုနေ့ရက်များဖြစ်သော မေလ ၂၀ ရက်မှ ဇွန်လ ၃ ရက် အထိ ၊ ဆယ့်ငါးရက်တာ ကာလအတွင်း မော်တော်ယာဉ် ဖြတ်သန်းမှုများအား မိုင်တိုင် အမှတ် ၁၃၈/၄ မိုင် (မိုးမင်းသား စားသောက်ဆိုင်၊ နောင်ခါးရွာ အနီး) မှ မိုင်တိုင် အမှတ် ၁၄၄/၃ မိုင် (မြရတနာ စားသောက်ဆိုင် ၊ လွယ်၀ိုးတုတ်ရွာ အနီး) ထိ နေ့စဉ် ည ဆယ်နာရီမှ နံနက် ၄ နာရီ အထိ သွားလာဖြတ်သန်းခွင့် ပိတ်ပင်ထားမည် ဖြစ်ပါကြောင်းသိရ သည်။



news-view-count-icon

17