back

ထိုင်းနိုင်ငံရဲ့ဖော့ဖရာ့တွင်ကားတစ်စီးပေါ်မှ မြန်မာ ၉ဦး အဖမ်းခံရ

May 18 • 9:28 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

ထိုင်းနိုင်ငံရဲ့ဖော့ဖရာ့တွင်ကားတစ်စီးပေါ်မှ မြန်မာ ၉ဦး အဖမ်းခံရ

ယနေ့ မေ ၁၈ ရက်နေ့ နေ့လည်ပိုင်းက ဖော့ဖရာ့၊ ကျေးရွာ အမှတ် ၃ အနီးတွင် ကားတစ်စီးကို နယ်ခြားစောင့်အထူးတပ် ရာချာမန်နုမှ စစကြားဖြတ်တားဆီး စစ်ဆေးရာ အသက် ၁၉ နှစ်မှ ၃၆ နှ...

ယနေ့ မေ ၁၈ ရက်နေ့ နေ့လည်ပိုင်းက ဖော့ဖရာ့၊ ကျေးရွာ အမှတ် ၃ အနီးတွင် ကားတစ်စီးကို နယ်ခြားစောင့်အထူးတပ် ရာချာမန်နုမှ စစကြားဖြတ်တားဆီး စစ်ဆေးရာ အသက် ၁၉ နှစ်မှ ၃၆ နှစ်ကြား မြန်မာနိုင်ငံသား ကိုးဦးကို ထိုင်းယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သလိုယာဉ်မောင်းက နယ်စပ်နားကနေတဆင့် မြန်မာနိုင်ငံသားတွေကို သယ်ယူလာခဲ့တာကို ဝန်ခံခဲ့ပြီး ဖော့ဖရာ့၊ ခီရီရတ်ကို ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။ ထိုမှတဆင့် ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံအတွင်းပိုင်းဒေသတွေမှာ အလုပ်အကိုင်ရှာဖွေဖို့ သွားရောက်ကြမှာ ဖြစ်ပြီးဖမ်းဆီးခံထားရသူများကို ဖော့ဖရာ့ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နေပါတယ်။



news-view-count-icon

15