back

ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းအတွင်း မိုးရေနဲ့ ငလျင်ဒဏ်ကြောင့် ကုက္ကိုလ်ပင်လဲကျပိမိပြီး လူနှစ်ဦးသေဆုံး

May 18 • 9:27 AM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းအတွင်း မိုးရေနဲ့ ငလျင်ဒဏ်ကြောင့် ကုက္ကိုလ်ပင်လဲကျပိမိပြီး လူနှစ်ဦးသေဆုံး

မိုးရွာသွန်းထားမှုနဲ့အတူ အင်အားအသင့်အတင့်ရှိတဲ့ငလျင် လှုပ်ခတ်မှုအပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းတစ်ခုအတွင်း သစ်ပင်လဲကျရာက သ...

မိုးရွာသွန်းထားမှုနဲ့အတူ အင်အားအသင့်အတင့်ရှိတဲ့ငလျင် လှုပ်ခတ်မှုအပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းတစ်ခုအတွင်း သစ်ပင်လဲကျရာက သားအဖ နှစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မေလ ၁၈ ရက်ကူးစ သန်းခေါင်ကျော် မနက် ၁၂ နာရီ မိနစ် ၃၀ ခန့်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရာက်ရှိခဲ့တဲ့ ‌မဏီစလ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနဲ့ ၈၉ လမ်းထောင့်ရှိ အဘယာရာမရွှေဂူကျောင်းတိုက်အတွင်းရှိ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုံးပတ် (၅)ပေခန့်၊ အရှည်(၄၀)ပေခန့်ရှိ ကုက္ကိုလ်ပင်က ယာယီလူနေမိုးကာတဲအိမ်ပေါ်ကို ပိမိတာဖြစ်တယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

news-view-count-icon

12