အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ - မဲ့ထော်သလေး(KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစား မှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ ကြသည့် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး၊ တရုတ်နိုင်ငံသား ၂ ဦး၊ ကင်ညာနိုင်ငံသား ၃ ဦး၊ အိန္ဒိယနိုင်ငံသား ၄ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂ ဦး၊ ကာ ဇက်စတန်နိုင်ငံသား ၂ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၅ ဦးကို ယနေ့ မေလ ၁၇ ရက်တွင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။



