ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်မှ အသက် (၄) နှစ်အရွယ် (ယောက်ျားလေး) ကလေးငယ်ကို ဆိပ်မူကျေးရွာ၊ နှီးဘုရားကုန်းမှ အမျိုးသားတစ်ဦးက ခိုးယူမှု မေလ (၁၂) ရက်က ဖြစ်ပွားခဲ့သည်။လွန်ခဲ့သည့် (၅)ရက်က အမျိုးသားတစ်ဦးမှ ကလေးအား ခေါ်သွားသည်ကို မရှီကထောင်ရပ်ကွက် ဈေးသည်အချို့က မြင်တွေ့ခဲ့ပြီး ရပ်မိ/ရပ်ဖများအား အသိပေးတိုင်ကြားထားခဲ့သည်ဟု သိရသည်။ကလေးခိုးယူလာသူ လဖိုင်မျိုးဆန်အောင်အား စစ်ဆေးမေးမြန်းရာတွင် "ကလေးကို ချစ်လို့ ခေါ်လာတာပါ"ဟု ဖြေဆိုခဲ့သည်ဟု ဆိုသည်။



