back

ကလောမြို့သို့ ဇန်နဝါရီ မှ မေ ၉ ရက်အထိ ခရီးသွားဧည့်သည် (၃၁၀၀၀) ကျော် ဝင်ရောက်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှ ဧည့်သည် (၂၀၀ )ကျော်သာ လာရောက်

May 17 • 2:50 PM

breaking-news

မြန်မာ

ရှမ်း

cover

ကလောမြို့သို့ ဇန်နဝါရီ မှ မေ ၉ ရက်အထိ ခရီးသွားဧည့်သည် (၃၁၀၀၀) ကျော် ဝင်ရောက်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှ ဧည့်သည် (၂၀၀ )ကျော်သာ လာရောက်

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်အများဆုံးသွားရောက်လည်ပတ်ကြသည့် ရှမ်းပြည်နယ်တောင်ပိုင်း၏ Trekking မြို့တော်ဟု တင်စားရသည့် ကလောမြို့သို့ ယခုနှစ် ဇန်နဝါရီလ မှ မေလ ၉ ...

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်အများဆုံးသွားရောက်လည်ပတ်ကြသည့် ရှမ်းပြည်နယ်တောင်ပိုင်း၏ Trekking မြို့တော်ဟု တင်စားရသည့် ကလောမြို့သို့ ယခုနှစ် ဇန်နဝါရီလ မှ မေလ ၉ ရက်အထိ ပြည်တွင်း/ပ ခရီးသွားဧည့်သည်ဦးရေ (၃၁,၉၇၂ ) သာ လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ)စာရင်းအရ သိရသည်။ခရီးသွားဧည့်သည်များ အနေဖြင့် ဟိုတယ်၊ မိုတယ်၊ Home Stay နှင့်Camp များ ဖြင့် စိတ်တိုင်းကျ ရွေးချယ်တည်းခိုနိုင်သည့် အားသာချက်များရှိသော်လည်း ကလောရေကြီးမှုဖြစ်ပွားပြီးနောက်ပိုင်း ကလောမြို့သို့ ဧည့်သည်ဝင်ရောက်မှုမှာ အလွန်နည်းသွားကြောင်း ကလောအခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။


news-view-count-icon

22