back

ကျောင်းပုံနှိပ်စာအုပ်များ ပြင်ပဈေးကွက်၌ ယခင်နှစ်ထက် နှစ်ဆနီးပါးမြင့်တက်လာ

May 17 • 2:49 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကျောင်းပုံနှိပ်စာအုပ်များ ပြင်ပဈေးကွက်၌ ယခင်နှစ်ထက် နှစ်ဆနီးပါးမြင့်တက်လာ

ကျောင်းဖွင့်ချိန်နီးကပ်လာမှုနှင့်အမျှ ပြင်ပဈေးကွက်အတွင်း ကျောင်းသုံးဖတ်စာအုပ်များမှာ အရောင်း အဝယ် ပြန်လည်ဖြစ်လာခဲ့ပြီး ဈေးနှုန်းများမှာလည်း ယခင်နှစ်ကထက် နှစ်ဆနီ...

ကျောင်းဖွင့်ချိန်နီးကပ်လာမှုနှင့်အမျှ ပြင်ပဈေးကွက်အတွင်း ကျောင်းသုံးဖတ်စာအုပ်များမှာ အရောင်း အဝယ် ပြန်လည်ဖြစ်လာခဲ့ပြီး ဈေးနှုန်းများမှာလည်း ယခင်နှစ်ကထက် နှစ်ဆနီးပါးမြင့်တက်သွားကြောင်း ကျောင်း သုံးစာအုပ်မျိုးစုံ အရောင်းဆိုင်ဖွင့်ထားသူများနှင့် ဝယ်ယူသူများကြားမှ သိရသည်။အဆိုပါဈေးကွက်တွင် ယခင်ကျပ် ၇,၀၀၀ ဝန်းကျင်ပေးဝယ်ရသည့် သူငယ်တန်း(Kg) ဖတ်စာအုပ်တစ်စုံမှာ ယခုအပြင်ဈေးကွက်အတွင်း ၁၀,၀၀၀ ကျော်ရှိလာပြီး အခြားသော Grade 1 မှစ၍ Grade 12 အထိ အတန်းလိုက် ထုတ်ဝေသည့် စာအုပ်များမှာလည်း ယခင်နှစ်ဈေးနှုန်းများထက် မြင့်တက်လာကြသည်။ယခု အပြင်ဈေးကွက်တွင် ရောင်းချနေသည့် ကျောင်းသုံးဖတ်စာအုပ်များမှာ ဘာသာစုံ Kg အတန်း အ တွက် ကျပ် ၁၀,၀၀၀ မှ ၁၂,၀၀၀ ကျပ်၊ Grade 1 ၁၅,၅၀၀ ကျပ်၊ Grade 2 ၁၅,၀၀၀ ကျပ်၊ Grade 3 ၁၅,၀၀၀ ကျပ်၊ Grade 4 ၁၈၀၀၀ ကျပ်၊ Grade 6 ၂၀,၅၀၀ ကျပ်၊ Grade 7 ၂၀,၅၀၀ ကျပ်၊ Grade 8 ၂၃,၀၀၀ ကျပ်၊ Grade 9 ၂၄,၅၀၀ ကျပ်၊ Grade 10 ၃၈၅၀၀ ကျပ်၊ Grade 11 ၃၈,၅၀၀ ကျပ်၊ Grade 12 ၄၁,၀၀၀ ကျပ် စသည်ဖြင့် အသီးသီး ရှိကြပြီး ထပ်ဆောင်းဘာသာများဖြစ်သည့် ကာယ၊ ဂီတ၊ ပန်းချီ၊ ဘဝတွက်တာ စသည့် စာအုပ်များမှာလည်း ၇,၅၀၀ ကျပ် မှ ၈,၅၀၀ ကျပ်ကြား အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။


news-view-count-icon

52