တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲရှိ ရွှေလီမြို့ သက်မွေးပညာ အထက်တန်းကျောင်းတွင် မြန်မာနိုင်ငံမှ ကျောင်းသား ၈၈ ဦးတို့က ပညာသင်ယူကာ သက်မွေးပညာစွမ်းရည်များကိုမြှင့်တင်နေကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ကျောင်းသားကျောင်းသူများသည် တရုတ်-မြန်မာ ပညာရေးကူးလူး ဖလှယ်ရေးအစီအစဉ်၏ ပထမဆုံးအသုတ် အကျိုးခံစားခွင့် ရသူများအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို စာတွေ့၊လက်တွေ့ သင်ကြားနေသူများဖြစ်ကြောင်း သိရသည်။



