back

ပြည်တွင်းတွင် တရားမဝင်သစ် တန် ၃၀ ကျော်ကို တစ်ပတ်တာအတွင်း ဖမ်းဆီးရမိ

May 17 • 1:12 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းတွင် တရားမဝင်သစ် တန် ၃၀ ကျော်ကို တစ်ပတ်တာအတွင်း ဖမ်းဆီးရမိ

ပြည်တွင်းတွင် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွင်းမှ တစ်ပတ်တာကာလ အတွင်း မေလ ၅ ရက်မှ မေလ ၁၁ ရက်ကာလအတွင်းတွင် တရားမဝင်သစ် စုစုပေါင်း ၃၃ ဒသမ ၅၃၉၂ ...

ပြည်တွင်းတွင် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွင်းမှ တစ်ပတ်တာကာလ အတွင်း မေလ ၅ ရက်မှ မေလ ၁၁ ရက်ကာလအတွင်းတွင် တရားမဝင်သစ် စုစုပေါင်း ၃၃ ဒသမ ၅၃၉၂ တန်၊ ယာဉ်/ ယန္တရား သုံးစီး၊ ကျူးလွန်သူ ၁၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသစ်များ တွင် ကျွန်း ၇ ဒသမ ၅၃၀၆ တန်၊ သစ်မာ ၂ ဒသမ ၀၇၄၀ တန်၊ အခြားသစ်မှာ ၂၃ ဒသမ ၉၃၄၆ တန် စသည်ဖြင် ပါဝင်ကြောင်း ယင်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ထိုဖမ်းဆီးရမိသည့် သစ်များတွင် တရားမဝင် ကျွန်း၊ ပိတောက်၊ သင်းဝင်၊ နဘဲ စသည့် သစ်များ၏ သစ် လုံးများ၊ ခွဲသားများ၊ ပါကေးများ ပါဝင်ပြီး စုစုပေါင်း အလုံး/အချောင်း ၁၀၁၈၄ ခု တန်ချိန်အားဖြင့် ၇ ဒသမ ၁၀၁၆ တန်ကိုလည်းကောင်း၊ လွှဝိုင်းသုံးဝိုင်း၊ မော်တာငါးလုံး၊ လျှာထိုးစက်တစ်လုံး၊ ရွေဘော်ထိုးစက်တစ်လုံးနှင့် ကျူး လွန်သူတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ယင်းဦးစီးဌာနမှ ဆိုထားသည်။



news-view-count-icon

18