MNL League Cup 2025 အုပ်စု (D) ပွဲစဉ်အဖြစ် ယနေ့သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ရတနာပုံအသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ ပွဲစဉ်၏ AYA Pay Man of the Match အကောင်းဆုံးကစားသမားဆုကို ရတနာပုံအသင်း၏ ဂိုးသမားဖြစ်သူ ရန်လင်းထွန်းက ရရှိခဲ့သည်။AYA Pay အကောင်းဆုံးဆုအတွက် ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ်နှစ်သိန်းရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်ကို ပြိုင်ပွဲကြီးကြပ် ဦးအောင်အောင်မျိုးက ချီးမြှင့်ပေးခဲ့သည်။



