မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ဘယ်လိုကုန်စည်မျိုးကိုမှ မြန်မာနိုင်ငံထဲသယ်ဆောင်ခြင်းမလုပ်ကြ ရန် လိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ကောင်စီ ( Lai Autonomous District Council – LADC ) ရဲ့ မြေအခွန်ဦးစီး ဌာန ( Land Revinue & Settlement Department ) က မနေ့မေလ ၁၆ ရက်နေ့မှာအမိန့်ထုတ်ပြန်ထားတယ်။စျေးဆိုင်ပိုင်ရှင်များအနေဖြင့် စျေးကွက်စစ်ဆေးရေးမှူးများက စျေးဆိုင်များကို စုံစမ်းစစ်ဆေးမှုများပြုလုပ် သွားမှာဖြစ်ပြီး မိမိသိုလှောင် ထားတဲ့ ကုန်စည်စာရင်းကို မှန်ကန်စွာပေးရမယ်လို့ ဖော်ပြထားပါတယ်။ယခုထုတ်ပြန်ထားတဲ့အမိန့်စာကို မထီမဲ့မြင်ပြုပြီး မလိုက်နာတဲ့သူများကို ကုန်သွယ်ခွင့်လိုင်စင်ရုတ်သိမ်းပေးသွား မှာဖြစ်တယ်လို့ LADC မြေအခွန်ဦးစီးဌာန အကြီးအကဲ Pu A Zaithang က အမိန့်ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။



