back

AYA Pay အကောင်းဆုံးဆုကို မြဝတီအသင်း တိုက်စစ်မှူး နိုင်ဇင်ထက် ရရှိ

May 17 • 1:07 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

AYA Pay အကောင်းဆုံးဆုကို မြဝတီအသင်း တိုက်စစ်မှူး နိုင်ဇင်ထက် ရရှိ

MNL League Cup 2025 ဘောလုံးပြိုင်ပွဲ အုပ်စု (D) အုပ်စု ပွဲစဉ် တစ်ပွဲ အဖြစ် မေ ၁၇ ရက်(ယနေ့)၊ ညနေက ပဒုမ္မာကွင်း၌ ရာမညယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့ ကစားခဲ့ကြ...

MNL League Cup 2025 ဘောလုံးပြိုင်ပွဲ အုပ်စု (D) အုပ်စု ပွဲစဉ် တစ်ပွဲ အဖြစ် မေ ၁၇ ရက်(ယနေ့)၊ ညနေက ပဒုမ္မာကွင်း၌ ရာမညယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံး ကစားသမားဆုကို မြဝတီအသင်း တိုက်စစ်မှူး နိုင်ဇင်ထက်က ရရှိခဲ့သည်။ရာမညယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့ ပွဲတွင် မြဝတီအသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယနေ့ပွဲတွင် တိုက်စစ်မှူး နိုင်ဇင်ထက်(ကျော နံပါတ်-၁၇ ) သည် ခြေစွမ်းနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါသည့် အဖွင့်ဂိုးကိုလည်း သွင်းယူပေး ခဲ့သည်။ ထို့ကြောင့် နိုင်ဇင်ထက်သည် ပွဲစဉ်အပြီး၌ AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိ ခဲ့ခြင်း ဖြစ်သည်။



news-view-count-icon

20