ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့ရှိ နမ့်တုံချောင်း (နမ့်ဟောင်ခယ်)မှာ မေလ၁၅ရက်တွင် စတင်ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်ကျရေစီးဝင်ရာတွင် အဝါရောင် နုန်းအနယ်အနှစ်များစွာ ပါဝင်လာကြောင်း၊ ယင်းနုန်းများကြောင့် ချောင်းရည်အရည်အသွေးမှာ သုံးစွဲမရအောင်ဖြစ်သွားပြီး သုံးရေအခက်အခဲဖြစ်နေကြောင်း မိုင်းတုံမြို့၊ မြို့မရပ်ကွက်နေပြည်သူတစ်ဦးထံမှ သိရပါသည်။ယခု မြစ်ညှာအထက်ပိုင်း ရွှေနှင့်သတ္တုတူးဖော်ခြင်းကို ၂၀၂၁ နောက်ပိုင်းတွင် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။နုန်းအနည်ပို့ချမှုကြောင့် ချောင်းကောကာ မိုးတွင်း၌ ရေကြီးမှု ပိုမိုဆိုးရွာလာမည်ကိုလည်း မြို့နေလူထုက စိုးရိမ်လျက်ရှိသည်။



