back

ပြည်တွင်းဆီစက်ပိုင်ရှင်များကို ချေးငွေထုတ်ပေးမည်

May 17 • 12:59 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းဆီစက်ပိုင်ရှင်များကို ချေးငွေထုတ်ပေးမည်

ငွေကြေးအရင်းအနှီးလိုအပ်နေတဲ့ ဆီစက်ပိုင်ရှင်များကို သက်သာတဲ့အတိုးနှုန်းနဲ့ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေထုတ်ချေးမယ်လို့ သိရပါတယ်။ချေးငွေလျှောက်ထားရာမှာ လက...

ငွေကြေးအရင်းအနှီးလိုအပ်နေတဲ့ ဆီစက်ပိုင်ရှင်များကို သက်သာတဲ့အတိုးနှုန်းနဲ့ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေထုတ်ချေးမယ်လို့ သိရပါတယ်။ချေးငွေလျှောက်ထားရာမှာ လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေတဲ့ ဆီစက်ဖြစ်ရမှာဖြစ်ပြီး လုပ်ငန်းအမည်ပေါက်လိုင်စင် သက်တမ်းရှိရမှာ ဖြစ်ပါတယ်။အဆိုပါချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်တဲ့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း၊ လယ်ယာမြေလုပ်ပိုင်လက်မှတ် ပုံစံ ၇ ကို ပေးအပ်ရမှာဖြစ်ပြီး၊ ဘဏ်တွေကနေ လက်ရှိချေးငွေယူထားတဲ့ ဆီစက်တွေကတော့ သီးခြားအာမခံတင်ပြနိုင်မှ သာချေးငွေထုတ်ချေးမယ်လို့ သိရပါတယ်။ချေးငွေထုတ်ချေးရာမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် အနည်းဆုံးကျပ်သိန်း ၁၀၀ မှအများဆုံးကျပ်သိန်း ၅,၀၀၀ အထိ၊ မတည်ရင်းနှီးငွေအတွက် အနည်းဆုံးကျပ် သိန်း ၂၀၀ မှ ကျပ်သိန်း ၅,၀၀၀ အထိနဲ့ ကျပ်သိန်း ၅,၀၀၀ အထက် ရယူလိုတဲ့ လုပ်ငန်းရှင်တွေကတော့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်ကို တိုက်ရိုက်လျှောက်ထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။နေပြည်တော်အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိက ဆီစက်ပိုင်ရှင်များအသင်းရုံး၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းရုံး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ရုံးခွဲအားလုံး၊ မြန်မာ့စီးပွားရေးဘဏ်ခွဲအားလုံးနဲ့ မြန်မာ့လယ်ယာဖြိုးဖွံ့ဖြိုးရေးဘဏ်ခွဲအားလုံးမှာ ချေးငွေအဆိုပြုလွှာထုတ်ယူပြီး လျှောက်ထားရယူနိုင်‌ကြောင်း သိရပါတယ်။



news-view-count-icon

11