ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ချယ်လ်ဆီးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲက ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် အသင်းလူစာရင်းကို ဆုံးဖြတ်ဖို့ အကူအညီဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အာမိုရင်က “ဒီပွဲက ဗိုလ်လုပွဲအတွက် ပြင်ဆင်ဖို့ အလွန်ကောင်းမွန်တဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ကစားသမားတွေကို ၁၀ ရက်လောက် ပွဲမကစားခိုင်းခဲ့ရင် အမှားအယွင်း ဖြစ်သွားပါလိမ့်မယ်။ သူတို့ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ရယူနိုင် ခဲ့ပြီး ပြိုင်ဘက်အသင်းကို တွန်းအားပေးနိုင်ခဲ့ပါတယ်။ ဒီကလပ်မှာတော့ ပွဲတွေအနိုင်ရဖို့ လိုအပ်ပြီး ကျနော်တို့ဟာ နိုင်ပွဲတွေ မရယူနိုင်ခဲ့ပါဘူး။ ဒီပွဲက ဗိုလ်လုပွဲအတွက် ပွဲထွက်လူစာရင်းကို ရွေးချယ်ဖို့ ကျနော့်ကို အများကြီး အကူအညီ ဖြစ်စေခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဂိုးတွေအများကြီး သွင်းယူနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။ 
ယူနိုက်တက်အသင်းအတွက် ချယ်လ်ဆီးကိုရှုံးနိမ့်မှုက ဗိုလ်လုပွဲအတွက်အသင်းကို ဆုံးဖြတ်ဖို့ အကူအညီဖြစ် တယ်လို့နည်းပြ အာမိုရင်ပြောကြား
May 17 • 10:49 AM
မျှဝေမည်
| 5 | 0 | 0 | 0 |


