နိုင်ငံတွင်းသို့ မူး ယ-စ်ဆေးမှောင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့ပြီး ဆေးတန်ချိန် ၂ တန်နီးပါးတင်ဆောင်လာသည့် နိုင်ငံခြားသင်္ဘောတစ်စီးကို အင်ဒိုနီးရှားရေတပ်ကင်းလှည့်သင်္ဘောက ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။အောင်တိးတိုး ၉၉ အမည်ရှိ အဆိုပါသင်္ဘောပေါ်၌ ကိုကင်း ၁ ဒသမ ၂ တန်နှင့် ခရစ်စတယ်မက်သာဖက်တမင်း ၇၀၀ ကီလိုဂရမ်ကိုသယ်ဆောင်လာခဲ့ကြောင်းသိရသည်။အဆိုပါသင်္ဘောသည် ငါးဖမ်းသင်္ဘောအသွင်ဆောင်လာခြင်းဖြစ်ပြီး ထိုင်းအလံတင်သင်္ဘောဖြစ်သည်ဟုလည်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။သင်္ဘောပေါ်၌တင်ဆောင်လာသည့်မူးယစ်ဆေးများကို လက်ဖက်ခြောက်အထုပ်များထဲတွင်ဝှက်ကာ သယ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း အာဏာပိုင်များကပြောကြားခဲ့သည်။
| 12 | 0 | 0 | 0 |


