တောင်ကိုရီးယား၏ ဒုတိယအကြီးဆုံး တာယာထုတ်လုပ်သူ Kumho Tire သည် ယနေ့ (မေ ၁၇ ရက်)အစောပိုင်းတွင် ဂွမ်ဂျူးမြို့ရှိ ၎င်းတို့၏ စက်ရုံ၌ မီးလောင်မှုဖြစ်ပွားပြီးနောက် လုပ်ငန်းလည်ပတ်မှုကို ယာယီရပ်ဆိုင်းလိုက်သည်။ ဆိုးလ်မြို့၏ တောင်ဘက် ၂၇၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသော စက်ရုံ၌ နံနက် ၇း၁၁ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့သည်။ ထိုအချိန်တွင် တာဝန်ထမ်းဆောင်နေသော အလုပ်သမား ၄၀၀ ခန့်ကို ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့သည်။ ဝမ်းနည်းစရာမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ထားသော်လည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း သိရသည်။
| 11 | 0 | 0 | 0 |


