Apple က သူ့ရဲ့ Siri ကနေတဆင့် လူတွေ သီးသန့်ပြောနေတဲ့ စကားတွေကို ခိုးနားထောင်တယ်ဆိုပြီးတော့ တရားစွဲဆိုခံထားရတဲ့အမှုအတွက် လျော်ကြေးငွေ ဒေါ်လာ ၉၅ သန်း ပေးလျော်ဖို့ သဘောတူလိုက်ပါပြီ။အဲဒီကရတဲ့ လျော်ကြေးငွေကို Siri သုံးတဲ့သူတွေကို ပြန်ခွဲပေးဖို့ရှိတယ်လို့ သိရပါတယ်။အကယ်၍ သင်က အမေရိကန် ပြည်ထောင်စု ဒါမှမဟုတ် အမေရိကန် နယ်မြေတွေမှာ နေထိုင်သူဖြစ်ပြီး၊၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း Siri ပါတဲ့ Apple Device (iPhone, iPad, Apple Watch, MacBook, iMac, HomePod, iPod touch, Apple TV) ကို ပိုင်ဆိုင်ခဲ့ဖူးသူ ဒါမှမဟုတ် ဝယ်ယူသုံးစွဲခဲ့ဖူးတယ်ဆိုရင်အဲဒီကာလအတွင်းမှာ ကိုယ်ပိုင်ပြောဆိုနေတဲ့ စကားဝိုင်းတွေထဲ Siri က ရည်ရွယ်ချက်မရှိဘဲ အလိုအလျောက် ပွင့်သွားတာမျိုး ကြုံခဲ့ဖူးတယ်ဆိုရင်ဒီလျော်ကြေးကို လျှောက်ဖို့ အကျုံးဝင်နိုင်ပါတယ်။
Apple က သူ့ရဲ့ Siri ကနေတဆင့် လူတွေ သီးသန့်ပြောနေတဲ့ စကားတွေကို ခိုးနားထောင်တယ်ဆိုပြီးတော့ တရားစွဲဆိုခံထားရတဲ့အမှုအတွက် လျော်ကြေးငွေပေးလျော်ဖို့ သဘောတူ
May 17 • 10:34 AM
မျှဝေမည်
| 9 | 0 | 0 | 0 |


