back

ကမ္ဘောဒီးယားနိုင်ငံတွင် စပါးစိုက်ပျိုးသည့်ရာသီ စတင်သည့် အထိမ်းအမှတ်အဖြစ် တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနား ကျင်းပ

May 17 • 10:32 AM

cover

ကမ္ဘောဒီးယားနိုင်ငံတွင် စပါးစိုက်ပျိုးသည့်ရာသီ စတင်သည့် အထိမ်းအမှတ်အဖြစ် တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနား ကျင်းပ

ကမ္ဘောဒီးယားနိုင်ငံ၏ ရှေးခေတ် ထုံးတမ်းအစဉ်အလာမပျက် ကျင်းပလေ့ရှိသော တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနားကို နိုင်ငံအလယ်ပိုင်းရှိ ကမ်ပုန်းချနန်ပြည်နယ်တွင် မေ ၁၅ ရက်က ပ...

ကမ္ဘောဒီးယားနိုင်ငံ၏ ရှေးခေတ် ထုံးတမ်းအစဉ်အလာမပျက် ကျင်းပလေ့ရှိသော တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနားကို နိုင်ငံအလယ်ပိုင်းရှိ ကမ်ပုန်းချနန်ပြည်နယ်တွင် မေ ၁၅ ရက်က ပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားအား ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒမ် သီဟာမိုနီက ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။စပါးစိုက်ပျိုးသည့်ရာသီ စတင်သည့် အထိမ်းအမှတ်အဖြစ် နှစ်စဉ်ပြုလုပ်မြဲဖြစ်သော အဆိုပါ အခမ်းအနားသို့ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက် တက်ချို ဟွန်ဆန်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ခွန်ဆူဒါရီ၊ ဝန်ကြီးချုပ် ဟွန်မန်နက်တို့အပြင် ကမ္ဘောဒီးယားနိုင်ငံရှိ ပြည်ပသံတမန်များလည်း တက်ရောက်ခဲ့ကြသည်။

news-view-count-icon

6