ရုရှားနှင့် ယူကရိန်း ညှိနှိုင်းဆွေးနွေးသူများသည် ဒုတိယကမ္ဘာစစ်အပြီး ဥရောပ၏ အသေအပျောက်အများဆုံး ပဋိပက္ခကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တိုက်တွန်းမှုအောက်တွင် သုံးနှစ်ကျော်အတွင်း ပထမဆုံး တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေ၁၆ရက်နေ့က အစ္စတန်ဘူလ်မြို့၌ ပြုလုပ်ခဲ့ကြသည်။ဖီဒန်က အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးရရှိရန် အရေးကြီးကြောင်း ပြောကြားခဲ့သလို နှစ်ဘက်စလုံး၏ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းသစ်တစ်ခုကို ဖွင့်လှစ်ရန် ဆန္ဒရှိသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ အစ္စတန်ဘူလ် ဆွေးနွေးပွဲများသည် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရန်အတွက် အခြေခံအဖြစ် တည်ရှိရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်များ ၃ နှစ်အတွင်း ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် တူရကီတွင် တွေ့ဆုံ
May 17 • 10:24 AM
မျှဝေမည်
| 6 | 0 | 0 | 0 |


