ပြည်တွင်းနိုင်ငံခြားသုံးငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိပြီး ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းလျက်ရှိသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလျက်ရှိပြီး လိုအပ်သလောက် အလွယ်တကူဝယ်ယူ သုံးစွဲနိုင်လျက်ရှိကြောင်း သိရသည်။ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းအပေါ်တွင်အခြေခံပြီး လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိကာ ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည်လည်း တစ်လီတာလျှင် ၇၅ ကျပ် မှ ၁၂၅ ကျပ်ခန့်အထိ ကျဆင်းလျက် ရှိသည်။
May 17 • 10:13 AM
မျှဝေမည်
| 6 | 0 | 0 | 0 |

မြန်မာ့ပင်လယ်ပြင်မှရရှိသည့် တိုက်ဂါးပုစွန်နှင့် မြိတ်ကျွန်းစုတွင် မွေးမြူထုတ်လုပ်သော ပနားမီးပုစွန်ဖြူတို့ ဈေးကောင်းရရှိနေပြီး ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးက လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ကိုးခုကို ခွင့်ပြု

