menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ရှမ်းပြည်အရှေ့ပိုင်း၊မိုင်းတုံရှိ အများအားထားရသည့် နမ့်တုံချောင်းရေတွင် နုန်းအနယ်အနှစ်များစွာပါလာ၍ ချောင်းအထက်ပိုင်းရှိ ရွှေလုပ်ကွက်များကို မြို့ခံလူထု အပြစ်တင်နေ

May 17 • 7:51 AM

breaking-news

မြန်မာ

ရှမ်း

breaking-newsbreaking-news

မျှဝေမည်

share-news
cover

ရှမ်းပြည်အရှေ့ပိုင်း၊မိုင်းတုံရှိ အများအားထားရသည့် နမ့်တုံချောင်းရေတွင် နုန်းအနယ်အနှစ်များစွာပါလာ၍ ချောင်းအထက်ပိုင်းရှိ ရွှေလုပ်ကွက်များကို မြို့ခံလူထု အပြစ်တင်နေ

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့ရှိ နမ့်တုံချောင်း (နမ့်ဟောင်ခယ်)မှာ မေလ၁၅ရက်တွင် စတင်ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်ကျရေစီးဝင်ရာတွင် အဝါ...

cover-photo

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့ရှိ နမ့်တုံချောင်း (နမ့်ဟောင်ခယ်)မှာ မေလ၁၅ရက်တွင် စတင်ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်ကျရေစီးဝင်ရာတွင် အဝါရောင် နုန်းအနယ်အနှစ်များစွာ ပါဝင်လာကြောင်း၊ ယင်းနုန်းများကြောင့် ချောင်းရည်အရည်အသွေးမှာ သုံးစွဲမရအောင်ဖြစ်သွားပြီး သုံးရေအခက်အခဲဖြစ်နေကြောင်း မိုင်းတုံမြို့၊ မြို့မရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။ချောင်းအထက်ပိုင်းဖြစ်သည့် မိုင်းတုံ၊ မိုင်းဆတ်သွားလမ်း၏ အနောက်ဘက် ၆ မိုင်အထက်ပိုင်းတွင် လားဟူကုမ္ပဏီ၏ ရွှေလုပ်ကွက်များ၊ သတ္တုကန်များရှိပြီး ယင်းလုပ်ကွက်များမှ နုန်းများမှာ မိုးများပြီးရေကြီးပါကတောင်ကျချောင်းများအထဲ စီးဝင်သည့်အတွက် ယခုလို ချောင်းများပျက်စီးရဖြစ်ကြောင်း ဒေသခံများက ပြစ်တင်ဝေဖန်နေကာမိုင်းတုံမြို့နေလူထုအနေဖြင့် နမ့်တုံချောင်းရေကို အားထားသုံးစွဲရသလို မြို့မရပ်ကွက်၊ နောင်ပါရင်၊ ဝမ်မိုင်၊ ဖာချယ်၊ ဟောင်လီစသည့် ရွာများမှ စပါး၊ ကြက်သွန်ဖြူစိုက်ခင်းများ အတွက်လိုအပ်သည့် ရေကိုလည်း နမ့်တုံချောင်းမှ အဓိက ရယူသုံးစွဲနေခြင်းဖြစ်ပါတယ်။


news-view-count-icon

20

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ပြင်ဦးလွင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ တရားခံများ ဖမ်းဆီးရမိခဲ့

CHINA-ASEAN CUP ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု လက်ရွေးစင် အမျိုးသား၊အမျိုးသမီး ပိုက်ကျော်ခြင်းအဖွဲ့ သွားရောက်ယှဉ်ပြိုင်မည်

cover-photo
right-arrow-icon