back

ပြင်ဦးလွင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ တရားခံများ ဖမ်းဆီးရမိခဲ့

May 17 • 7:49 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

ပြင်ဦးလွင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ တရားခံများ ဖမ်းဆီးရမိခဲ့

မေလ ၁၅ ရက်နေ့ ၁၅နာရီ၃၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြ...

မေလ ၁၅ ရက်နေ့ ၁၅နာရီ၃၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ခွန်လိန်ကျေးရွာနေ ဆန်းဝင်း(ခ)လော့ဆန်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၂,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၄၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဆန်းဝင်း(ခ)လော့ဆန်း(၄၄)နှစ်အား ပြင်စာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။



news-view-count-icon

24