back

"မင်းထင်ရှားနှင့် အိမ်နံပါတ် ၆၆၆”ဇာတ်လမ်းတွဲ ရန်ကုန်မြို့အတွင်း ရိုက်ကူးရန်စီစဉ်နေ

May 17 • 6:52 AM

breaking-news

မြန်မာ

ရန်ကုန်

cover

"မင်းထင်ရှားနှင့် အိမ်နံပါတ် ၆၆၆”ဇာတ်လမ်းတွဲ ရန်ကုန်မြို့အတွင်း ရိုက်ကူးရန်စီစဉ်နေ

လာမည့် မေလ ၂၂ ရက် တွင်“မင်းထင်ရှားနှင့် အိမ်နံပါတ် ၆၆၆”ဟု အမည်ပေးထားသည့် ဇာတ်လမ်းတွဲကို ရန်ကုန်မြို့အတွင်း စတင်ရိုက်ကူးသွားရန်စီစဉ်ထားကြောင်း ဇာတ်ကားရိုက်ကူးရေ...

လာမည့် မေလ ၂၂ ရက် တွင်

“မင်းထင်ရှားနှင့် အိမ်နံပါတ် ၆၆၆”ဟု အမည်ပေးထားသည့် ဇာတ်လမ်းတွဲကို ရန်ကုန်မြို့အတွင်း စတင်ရိုက်ကူးသွားရန်စီစဉ်ထားကြောင်း ဇာတ်ကားရိုက်ကူးရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများထံမှ သိရပါတယ်။အဆိုပါဇာတ်လမ်းတွဲမှာ Alice Animated Artistry Films Production ၏ Horror ဇာတ်လမ်းပုံစံမျိုးဖြစ် ပြီး အပိုင်း ၈ ပိုင်း ပါဝင်မည့် Mini Series မျိုးလည်းဖြစ်သည်။ ဇာတ်လမ်းတွဲတွင် ယွန်းသခင်က ဇာတ်ညွှန်းနှင့် ဇာတ် အိမ်ပြန်လည် တည်ဆောက်ခဲ့ပြီး ဇာတ်လမ်းနှင့် ဒါရိုက်တာအဖြစ် Alice (The witch) က ပုံဖော်ဖန် တီး သွားမှာဖြစ်ပါတယ်။ဇာတ်လမ်းတွဲအတွင်းတွင် ဟင်နရီစံ၊ ရဲမွန်၊ ရှင်မင်းဆက်၊ မေခွန်အား၊ မေသော်ချစ်(မှုံနံ့သာ)၊ ပန်းအင် ကြင်း၊ ဦးဝင်းမြိုင်၊ ခင်မို့မို့အေး၊ ထက်လင်း၊ ကလေးသရုပ်ဆောင် ဆန်းသစ်ဟိန်း၊ Special make up မမိုးသူ၊ ကြယ်ကလေးနှင့် သရုပ်ဆောင် များစွာမှ ပါဝင်အားဖြည့်ကြရန်စီစဉ်ထားပါတယ်။



news-view-count-icon

28