မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် အာရှဖလားခြေစစ်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ကျင့်မှုများ ပြုလုပ်ရန်အတွက် မြန်မာ့လက်ရွေးစင် အသင်းနည်းပြ Mr. Pattaya Piemkum တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ခြေစမ်းပွဲများ သွားရောက်ယှဉ်ပြိုင်ကစားခဲ့သော ကစားသမား ၁၉ ဦး၊ အုပ်ချုပ်နည်းပြ ၉ ဦးဖြင့် မေ ၁၉ ရက်မှ စတင်၍အပတ်စဉ် တစ်ပတ်လျှင် ၂ ရက် လေ့ကျင့်မှုများပြုလုပ်သွားမှာ ဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် လေ့ကျင့်မှုများ ပြုလုပ်မည့် ကစားသမားများမှာ-ဂိုးသမားများ - မိုင်စိုးမြတ်ထွေး(MIU)၊ ရဲထက်နိုင် (MH Dream Team)၊ ကျော်ဇင်မျိုးဦး (TG United)။ကစားသမားများ - မင်းခန့်၊ မင်းခန့်သူ၊ သက်ထွန်း၊ ခင်ဇော်လင်း၊ ထွန်းအောင်ကျော် (MIU FC)၊ မျိုးမြင့်စိုး၊ ဝေဇင်ဦး၊ ထွဋ်ဝေထွန်း၊ ကိုကိုလွင်၊ နိုင်လင်းထွန်းကျော် (YRG FC)၊ ငြိမ်းမင်းစိုး၊ အောင်ဇင်ဦး ကျော်ကျော်စိုး (MH Dream Team)၊ ထွန်းမင်းလှိုင် (TG United)၊ သက်နောင် (VUC FC)၊ ဂျင်မီစိုး (YCDC Marga FC)တို့ဖြစ်ပါတယ်။
May 17 • 6:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


