မတ် ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် ပြိုကျခဲ့ရသည့် ထိုင်းနိုင်ငံဘန်ကောက်ရှိ အထပ် ၃၀ မြင့် ဆောက်လက်စ စာရင်းစစ်ရုံးအမှုအတွက် ၀ရမ်းထုတ်ခံရသော တာဝန်ရှိသူများထဲမှ ထိပ်တန်းတာဝန်ရှိသူ ထိုင်း ဆောက်လုပ်ရေး သူဌေးကြီး ပရမ်ချိုင်းကာနာဆူတာသည် မေ ၁၆ ရက်တွင် ဘန်ဆူရဲစခန်းသို့ လာရောက် ဖမ်းဆီးစစ်ဆေးခံခဲ့သည်။ပရမ်ချိုင်းက ကျန်းမာရေးမကောင်းသဖြင့် ဝှီးချဲဖြင့် လာရောက် ဖမ်းဆီးခံခဲ့သော်လည်း မည်သည့် အမှားအယွင်းမှ မလုပ်ထားကြောင်း ငြင်းဆိုထားသူဖြစ်သည်။
ငလျင်ကြောင့် ထိုင်းစာရင်းစစ်ရုံးပြိုကျမှု ၀ရမ်းထုတ်ခံဆောက်လုပ်ရေးသူဌေးကြီး ဝှီးချဲဖြင့် လာရောက်ဖမ်းဆီးခံ
May 17 • 5:58 AM
မျှဝေမည်
| 17 | 0 | 0 | 0 |


