၂၀၂၅ ခုနှစ်နွေရာသီသင်တန်း အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ မောင်လင်းခန့်အောင်(ပုလုံး)က ရရှိခဲ့ပြီးပြီးခဲ့တဲ့ နွေရာသီသင်တန်းတွေမှာ ဘောလုံးကွင်းအတွင်းကို ရောက်ရှိလာခဲ့ပြီး နေ့စဉ်ကွင်းအတွင်း လာရောက်ကစားနေတဲ့ မျိုးဆက်သစ်လူငယ် ဘောလုံးသမားလေး ဖြစ်ကာပုလုံးဟာ ဘယ်သန်နောက်တန်းအစွန် ကစားသမားဖြစ်ပြီး တိုက်စစ်အားသန် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုနှစ်နွေရာသီသင်တန်း အသင်းလိုက်ပြိုင်ပွဲမှာတော့ လူငယ်မျိုးဆက်သစ် အသင်းတစ်သင်းဖြစ်တဲ့ kyauske city အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ဦးဆောင် ပွဲထွက်ကစားခဲ့ရကာနွေရာသီအသင်းမှာ kyaukse city အသင်းအတွက် သွင်းဂိုးတွေ ရယူပေးနိုင်ခဲ့ပြီး ချန်ပီယံဆုဖလားကို ရရှိအောင် အသင်းဖော်တွေနဲ့အတူ ကြိုးစားနိုင်ခဲ့လို့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ် ။
May 17 • 5:56 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


