ဇွန်လအတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသွားမယ့် အမျိုးသမီးအာရှဖလားခြေစစ်ပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်နေတဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကို မလေးရှားကလပ် Sabah Women FC မှာ ကစားနေတဲ့ ဝါရင့်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ ဇွန်လ ( ၂၀ ) ရက်နေ့မှ စတင်၍ ပူးပေါင်းလေ့ကျင့်သွားမယ်လို့ သိရှိရပါတယ် ။မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ လက်ရှိမှာ ပဏာမကစားသမား ( ၃၀ ) ဦးဖြင့် လေ့ကျင့်ရေးများ စတင်နေပြီဖြစ်ပြီး ပြည်ပမှာ သွားရောက်ကစားနေတဲ့ ဝင်းသိင်္ဂီထွန်း နှင့် မေထက်လူတို့ဟာ ဇွန်လအတွင်းမှသာ အသင်းနှင့်ပူးပေါင်းလေ့ကျင့်သွားမှာဖြစ်ကြောင်း သတင်းရရှိထားပါတယ် ။



