အင်းစိန်ရွာမအနောက်ရပ်ကွက်မှ သိန်း ၄၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခု မေ ၁၃ ရက်နေ့လယ် ၃ နာရီခွဲက ဖြစ်ပွါးခဲ့ပြီး ထိုသို့ဖမ်းဆီးရမိသော သူများကို စစ်ဆေးပြီး ကွင်းဆက်ဖော်ထုတ်ခဲ့ရာ ထိုနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ စိုးစိုး(ခ)ရခိုင် အား ၎င်းနေထိုင်သည့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့ နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။



