ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့၏ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒခံယူပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲ တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ဝင်္ဂပါလမ်းထောင့်ရှိ အဆိုပါဆေးရုံကြီး ရာဇဂြိုဟ် မင်္ဂလာခန်းမ၌ကျင်းပသည်။အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်း ကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုကြသည်။
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့၏ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ
May 16 • 1:39 PM
မျှဝေမည်
| 15 | 0 | 0 | 0 |


