တရုတ်နိုင်ငံရဲ့ ထိပ်တန်းမင်းသမီး Liu Yifei ဟာ ချစ်ရသူမရှိသေးတဲ့ တကိုယ်တော်ဖြစ်ပါတယ်။ သူမရဲ့ အတိတ်ကအချစ်ရေး ပြတ်စဲပြီးနောက်ပိုင်း အချစ်ရေးကောလဟာသတင်းတွေများစွာထွက်ခဲ့ပေမဲ့ တကယ်တမ်းမှန်ကန်တာတစ်ခုမှ မရှိခဲ့ပါဘူး။ လက်ရှိမှာတော့ Liu Yifei ဟာ တချိန်က ဇာတ်လမ်းအတူတွဲရိုက်ဖူးတဲ့ မင်းသား Li Xian နဲ့ ချစ်သူတွေဖြစ်နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ လက်ရှိအချိန်အထိတော့ Liu Yifei နဲ့ Li Xian ဖက်က တစုံတရာတုန့်ပြန်ခြင်းမရှိသေးပါဘူး။ Li Xian ဟာ Liu Yifei ထက် အသက် ၄ နှစ်ငယ်ပြီး ယခုလို သူတိုရဲ့ကိုယ်ပိုင်သုံးအကောင့်တွေကနေ အပြန်အလှန်ပတ်သက်ဆက်နွယ်မှုလေးတွေရှိခဲ့တာဖြစ်ပါသည်။



