back

မြန်မာနိုင်ငံတောင်ပိုင်းတွင် မုတ်သုန်စဝင်ပြီ

May 16 • 1:06 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတောင်ပိုင်းတွင် မုတ်သုန်စဝင်ပြီ

မြန်မာနိုင်ငံတောင်ပိုင်းသို့ အနောက်တောင်မုတ်သုန်လေသည်ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ မှစ၍ ဝင်ရောက်နေပြီဖြစ်သဖြင့် မိုးရာသီစတင်ပြီဖြစ်ကြောင်း မိုးဇလဌာနက ထုတ်ပြန်ထားသည်...

မြန်မာနိုင်ငံတောင်ပိုင်းသို့ အနောက်တောင်မုတ်သုန်လေသည်ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ မှစ၍ ဝင်ရောက်နေပြီဖြစ်သဖြင့် မိုးရာသီစတင်ပြီဖြစ်ကြောင်း မိုးဇလဌာနက ထုတ်ပြန်ထားသည်။ယင်းကြောင့် တနင်္သာရီတိုင်းထဲရှိ ကော့သောင်း၊ထားဝယ်၊မြိတ်နှင့် ပုလော မြို့နယ်များတွင် မုတ်သုန်မိုးများ စတင်ရွာသွန်းနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။မြန်မာနိုင်ငံတွင် ယခုနှစ်မိုးဦးကာလမှာ မေလ ၁၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိဖြစ်ပြီး မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့် အာရေဗျပင်လယ်များဘက်က လေပွေလှိုင်းများ၊ လေဖိအားနည်း ရပ်ဝန်းများဖြစ်ပေါ်နေဦးမည်ဖြစ်ပြီး မိုးဦးကာလတစ်လျှောက် မုတ်သုံမိုးကလည်း ဆက်ပြီး ရွာနေဦးမည်ဖြစ်ကြောင်း မိုး/ဇလ လေ့လာသူ ဦးဝင်းနိုင်က ရေးသားထားသည်။



news-view-count-icon

16