မြန်မာသင်္ဘောသား လူသစ်တွေ ခေါ်ယူရာမှာ အင်္ဂလိပ်ဘာသာစကား အားနည်းချက်တွေရှိတဲ့အတွက် အလုပ်မရ ကြတာတွေ ရှိတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်း အောင်က One News ရဲ့ သီးသန့်မေးမြန်းမှုအပေါ် ဖြေကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။မြန်မာသင်္ဘောသားလူငယ်တွေအနေနဲ့ လက်တွေ့ကျွမ်းကျင်မှု ရှိပေမယ့် အင်္ဂလိပ်ဘာသာစကား အားနည်းချက် ရှိ တဲ့အတွက် အလုပ်ခန့်ဖို့ အင်တာဗျူးတဲ့အခါမှာ အခက်အခဲတွေရှိပြီး အလုပ်လက်လွှတ်ရတာတွေ တွေ့ရတယ်လို့ ကပ္ပတိန် စိုးမင်းအောင်က ပြောပါတယ်။



