မြန်မာကိုယ်စားပြုဖြင့် လက်ရှိUFC မှာထိုးသတ်နေတဲ့ ချင်းလူငယ် Joshua Van ဟာ သူ့ရဲ့ပရိတ်သတ်များနဲ့အတူ မြန်မာပြည်က ငလျင်ဒဏ်သင့်ပြည်သူများ ပြည်လည်ထူထောင်ရေးအတွက် ကျပ်ငွေသိန်းပေါင်း ၅၀၀ ကျော်ကို ထပ်မံလှူဒါန်းလိုက်တယ်လို့ သိရပါတယ်။Joshua Van ဟာ သူ့ရဲ့ပရိတ်သတ်များနဲ့အတူစုပေါင်းထားတဲ့ ကျပ်ငွေသိန်းပေါင်း ၅၀၀ ကျော်ကို Chinland Foundation မှတစ်ဆင့်လှူဒါန်းထားခြင်းဖြစ်ကြောင်း Chinland Foundation ဥက္ကဋ္ဌက သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ အသိပေးထားခြင်းဖြစ်ပါတယ်။Joshua Van ဟာ UFC မှာ ၇ ပွဲထိုးသတ်ထားပြီဖြစ်ကာ ၆ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။ လာမယ့် ဇွန်လ ၇ ရက်နေ့ မှာလည်း ဘရာဇီးသား ဘရူနိုဆေးဗား နဲ့ ထိုးသတ်သွားမှာဖြစ်ပါတယ်။



