back

အွန်လိုင်း ငွေလိမ်အလုပ် လုပ်ကိုင်ရန် ရွေးချယ်သည့် မြန်မာလူငယ်အမျိုးသမီးများ ဒုက္ခအမျိုးမျိုးကြုံတွေ့

May 16 • 12:58 PM

breaking-news

မြန်မာ

ရှမ်း

cover

အွန်လိုင်း ငွေလိမ်အလုပ် လုပ်ကိုင်ရန် ရွေးချယ်သည့် မြန်မာလူငယ်အမျိုးသမီးများ ဒုက္ခအမျိုးမျိုးကြုံတွေ့

မြန်မာနိုင်ငံပြည်တွင်းတွင် အလုပ်အကိုင် ကြပ်တည်းမှု ပြဿနာကြောင့် အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်ရန် ရွေးချယ်သည့် လူငယ် အမျိုးသမီးများ ပျက်စီးမှု များနေကြောင...

မြန်မာနိုင်ငံပြည်တွင်းတွင် အလုပ်အကိုင် ကြပ်တည်းမှု ပြဿနာကြောင့် အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်ရန် ရွေးချယ်သည့် လူငယ် အမျိုးသမီးများ ပျက်စီးမှု များနေကြောင်း မေလ(၁၆)ရက်မှာ သိရသည်။အွန်လိုင်းငွေလိမ် လုပ်ငန်းအတွက် ခေါ်ယူသည့် ပုံစံသည် casino ၊Online games၊ customer service ၊ Online marketing စသည့် ပုံစံဖြင့် ခေါ်ယူကြပြီး လစာအနေဖြင့် ဝင်ဝင်ချင်း မြန်မာငွေ(၁၅)သိန်း ဝန်းကျင် ရရှိကာ ပညာဗဟုသုတနည်းပါးသည့် မိဘအနေဖြင့် လစာကောင်းသည်ကိုသာ မြင်ပြီး သား၊သမီးကို ထိုလုပ်ငန်းလုပ်ကိုင်ရန် တိုက်တွန်းကြကြောင်း အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ ထံမှ သိရသည်။ရှမ်းမြောက်နှင့် ရှမ်းတောင်ဒေသတွင် နေထိုင်ကြသည့် လူငယ်များသည် အဆိုပါ အလုပ်လုပ်ကိုင်ရန် လောက်ကိုင်မြို့၊ မြဝတီမြို့သို့ သွားကြသူများစွာ ရှိပြီး လုပ်ငန်းတွင် သတ်မှတ်ထားသည့်အတိုင်း မလုပ်နိုင်သူများကို ရိုက်နှိက်ခံရကြောင်း၊ ကျည်စက်ဖြင့် နှိပ်စက်ခံရကြောင်း၊ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုံခြုံရေး လုပ်ကိုင်နေသူထံမှ သိရသည်။



news-view-count-icon

10