back

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်အဝင်အထွက်ကို သတင်းပို့စနစ်ဖြင့် ဆောင်ရွက်မည်

May 16 • 10:27 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်အဝင်အထွက်ကို သတင်းပို့စနစ်ဖြင့် ဆောင်ရွက်မည်

ပြီးခဲ့တဲ့ မေလ(၉)ရက်က မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက်(MAPCO )ရုံးမှာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ဆန်ကို သတ်မှတ်ရည်ညွှန်းဈေးတွေအတိုင်း ရောင်း...

ပြီးခဲ့တဲ့ မေလ(၉)ရက်က မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက်(MAPCO )ရုံးမှာ ပြုလုပ်ခဲ့တဲ့

အစည်းအဝေးမှာ ဆန်ကို သတ်မှတ်ရည်ညွှန်းဈေးတွေအတိုင်း ရောင်းဝယ်ဖို့၊ သိုလှောင်ရုံမှတ်ပုံတင် စနစ် MyRO မှာ သတ်မှတ်ချက်တွေနဲ့အညီ မှတ်ပုံတင်ဖို့ စတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။အဲဒီအပြင် လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းကို သတ်မှတ်ရက်အတိုင်း စာရင်းရေး သွင်း ကြဖို့၊ သိုလှောင်ရုံ စစ်ဆေးမယ့် ကိစ္စရပ်တွေ၊ ရည်ညွှန်းဈေးနဲ့ ဆန်ဝယ်ယူရရှိရေး ဆောင်ရွက်ပေးမယ့် ကိစ္စတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။စားသုံးသူရေးရာ ဦးစီးဌာနက လစဉ် သင့်တင့်မျှတတဲ့ ဆန်ရည်ညွှန်းဈေးနှုန်းတွေကို သတ်မှတ်ထုတ်ပြန် ပေးနေပြီး ဈေးကွက်အတွင်း ရောင်းချတဲ့အခါ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးတွေအပေါ် ၈ ရာခိုင်နှုန်း ထက် ပိုမရောင်းဖို့ အသိပေးထားပါတယ်။



news-view-count-icon

12