back

THAI EXPO YANGON 2025 ကို ရန်ကုန်တွင် ၃ ရက်တိုင် ကျင်းပမည်

May 16 • 10:25 AM

breaking-news

မြန်မာ

ရန်ကုန်

cover

THAI EXPO YANGON 2025 ကို ရန်ကုန်တွင် ၃ ရက်တိုင် ကျင်းပမည်

ထိုင်းကုန်စည်ပြပွဲတစ်ခုဖြစ်သည့် THAI EXPO YANGON 2025 ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Center (YCC) တွင် လာမည့် ဇွန်လ ၆ ရက်နေ့မ...

ထိုင်းကုန်စည်ပြပွဲတစ်ခုဖြစ်သည့် THAI EXPO YANGON 2025 ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Center (YCC) တွင် လာမည့် ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ပြပွဲတွင် ထိုင်းနိုင်ငံ၏ အစားအစာနှင့် အဖျော်ယမကာများ၊ အဝတ်အထည်များ၊ အလှကုန်များ၊ အိမ်သုံးပစ္စည်းများနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ပါဝင်ပြသမည်ဖြစ်ပြီး ပြပွဲကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသရောင်းချပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။အဆိုပါ ကုန်စည်ပြပွဲတွင် အာဆီယံဈေးကွက်အတွင်း လူသိများသော ထိုင်းနိုင်ငံမှ ကုမ္ပဏီကြီးများ၊ စီးပွားရေး လုပ်ငန်းကြီးများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ အဝယ်တော်များ၊ ကုန်ပစ္စည်းတင်သွင်းသူများ၊ ဖြန့်ဖြူးသူများ တွေ့ဆုံကာ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးရရှိနိုင်မည့် ပြပွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။




news-view-count-icon

11