back

ထိုင်းနိုင်ငံတွင် နိုင်ငံခြားကျောင်းသားများ၏ တရားမဝင်အလုပ်လုပ်ကိုင်မှု တားဆီးရန် စည်းမျဉ်းသစ်များ ပြဋ္ဌာန်း

May 16 • 7:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံတွင် နိုင်ငံခြားကျောင်းသားများ၏ တရားမဝင်အလုပ်လုပ်ကိုင်မှု တားဆီးရန် စည်းမျဉ်းသစ်များ ပြဋ္ဌာန်း

ထိုင်းနိုင်ငံမှ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာန Ministry of Higher Education, Science, Research and Innovation (MHESI) သည် ထို...

ထိုင်းနိုင်ငံမှ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာန Ministry of Higher Education, Science, Research and Innovation (MHESI) သည် ထိုင်းနိုင်ငံတွင် နိုင်ငံခြားကျောင်းသားများက တရားမဝင်အလုပ်အတွက် ဗန်းပြအဖြစ် ရက်တိုသင်တန်းများ အသုံးပြုခြင်းမှ တားဆီးရန် စည်းမျဉ်းအသစ်များကို ပြဋ္ဌာန်းလိုက်သည်။ ချက်ခြင်းသက်ရောက်သည့် ၎င်းပြဋ္ဌာန်းချက်အရ ပညာရေးအဖွဲ့အစည်း အားလုံးသည် ၎င်းတို့၏ ရက်တိုသင်တန်းသင်ရိုးညွှန်းတမ်းကို ပြန်လည်သုံးသပ်စိစစ်ရန်အတွက် MHESI ထံ တင်ပြရမည်။ ၎င်းပြဋ္ဌာန်းလမ်းညွှန်ချက်သည် ထိုင်းနိုင်ငံရှိ နိုင်ငံခြားကျောင်းသားများသည် ဥပဒေစံနှုန်းများနှင့်အညီ ဖြစ်သည့်အပြင် MHESI နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့အကြား သဘောတူညီချက်များကို လိုက်နာကြောင်း သေချာစေရန် ရည်ရွယ်ထားကြောင်း MHESI ဝန်ကြီး Supamas Isarabhakdi က ကြာသပတေးနေ့ (မေ ၁၅)တွင် ပြောကြားခဲ့သည်။

news-view-count-icon

22