back

မလေးရှား အရှေ့ကမ်းရိုးတန်း ရထားလမ်း စီမံကိန်း ၂ လခွဲ စောပြီးစီးမည်

May 16 • 7:55 AM

breaking-news

မြန်မာ

ပြည်ပ

cover

မလေးရှား အရှေ့ကမ်းရိုးတန်း ရထားလမ်း စီမံကိန်း ၂ လခွဲ စောပြီးစီးမည်

မလေးရှားနိုင်ငံတွင် ဆောက်လုပ်နေသည့် Gombak နှင့် Kota Bharu အကြား ၄ နာရီခရီး ၆၆၅ ကီလိုမီတာ ရှိသည့် အရှေ့ကမ်းခြေရထားလမ်း East Coast Rail Link (ECRL) သည် ၂၀၂၆ တွင...

မလေးရှားနိုင်ငံတွင် ဆောက်လုပ်နေသည့် Gombak နှင့် Kota Bharu အကြား ၄ နာရီခရီး ၆၆၅ ကီလိုမီတာ ရှိသည့် အရှေ့ကမ်းခြေရထားလမ်း East Coast Rail Link (ECRL) သည် ၂၀၂၆ တွင် ပြီးစီးရန် လျာထားသည်ထက် ၂ လခွဲ စောပြီး ပြီစီးမည်ဟု ပို့ဆောင်ရေးဝန်ကြီး Anthony Loke က ပြောသည်။ ယခုအခါ ၈၃% နီးပါး ပြီးစီးပြီဖြစ်ပြီး ၂၀၂၇ နှစ်ဆန်း ၁ ရက်နေ့တွင် စတင်ပြေးဆွဲမည်။ အဆိုပါ စီမံကိန်းကို ၂၀၁၇ ဩဂုတ်လတွင် စတင်ခဲ့သည်။ ရထားလမ်း ဆောက်လုပ်သည့် China Communications Construction Company CCCC သည် မလေးရှားနိုင်ငံသားများအတွက် သင်တန်းများ စီစဉ်ထားသည်။ သင်တန်းများအတွက် ရန်ပုံငွေ ရင်းဂစ် ၁၂ သန်း သုံးစွဲမည်။မလေးရှား သင်တန်းသား ၂၀၀ သည် တရုတ်နိုင်ငံ Liuzhou တွင် သင်တန်းတက်နေသည်။ ရထားပြေးဆွဲသည့်အခါ လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးတို့အတွက် မလေးရှားနိုင်ငံသား ၃,၂၀၀ အထိ သင်တန်းပေးမည်။


news-view-count-icon

16