မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ ဦးဆောင်ကျင်းပမည့် Thai Festival 2025 အစိတ်အပိုင်းတစ်ခုအဖြစ် “T-Pop Star Challenge Myanmar Season 2” သီချင်းဆိုပြိုင်ပွဲကို ဇွန် ၂၁ နှင့် ၂၂ ရက်များတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel Ballroom တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဇကာတင်ရွေးချယ်ထားသည့် ပြိုင်သူ ၈ ဦးမှ တိုက်ရိုက်ဖျော်ဖြေပေးမည်ဖြစ်ပြီး အနိုင်ရသူအား ငွေသား ၃,၂၀၀ ဒေါ်လာဖြင့် ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။



