နေပြည်တော်တစ်ဝိုက်ရှိ ကျေးရွာများ၌ ဆိုင်ငယ်များအနက် အများအပြားက ဝယ်သူနည်းလာမှုနှင့် ဆိုင်ကြီးများဝင်ရောက်ယှဉ်ပြိုင်လာမှုကြောင့် ရောင်းအားကျဆင်းပြီး မရပ်တည်နိုင်သဖြင့် ဆိုင်ပြန်ဖြုတ်သိမ်းရောင်းချမှုများ ဖြစ်ပေါ်လာသည်။ သန့်ရှင်းမှုနှင့် ဝန်ဆောင်မှုကောင်းမွန်မှုကြောင့် စျေးတူတန်ဖိုးဖြင့်ပင် စားသုံးသူများသည် ဆိုင်ကြီးများကိုသာ ရွေးချယ်လာကြခြင်းက ဆိုင်ငယ်များအတွက် ဖိအားတဖြည်းဖြည်း တက်လာစေသည့်အကြောင်း ဒေသခံများက ပြောကြားသည်။ ထို့ကြောင့် တချို့ ဆိုင်များမှ ခုံစားပွဲများ၊ ပန်းကန်ခွက်မျိုးစုံတို့ကို ဆိုင်ရှင်းစျေးဖြင့် ရောင်းချနေကြောင်း သိရသည်။



