အဆိုတော်စန္ဒီမြင့်လွင်ရဲ့သမီးထရက်ရှာလေးက တစ်အိမ်လုံးရဲ့ အငယ်ဆုံးလေး မောင်လေး သတိုးရဲ့ အသက် ၅ လပြည့်မွေးနေ့ပွဲကိုလုပ်ပေးခဲ့ပါတယ်။ သူမကိုယ်တိုင် မွေးနေ့ ကိတ်မုန့်တွေကို မှာစေခဲ့ပြီး သတိုးလေးရဲ့ မွေးနေ့ပွဲကို ကျင်းပစေခဲ့တာဖြစ်ပါတယ်။မထိုင်တတ်သေးတဲ့ မောင်လေးရဲ့ဘေးမှာ ကိတ်မုန့်ကို ကိုင်ထားပေးခဲ့တာကတော့ အဆိုပါကိတ်မုန့်လေးကို သူမက စားချင်လို့ မောင်လေးရဲ့ မွေးနေ့ကိုအကြောင်းပြုကာ မှာယူကျင်းပစေခဲ့တာလို့ မေမေက ပြောပါတယ်။



