နိုင်ငံတကာပြိုင်ပွဲများအတွက်သက်တမ်းအလိုက် လေ့ကျင့်နေသည့် မြန်မာအမျိုးသား /အမျိုးသမီးဘောလုံးအသင်းများကို အဖွဲချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က တွေ့ဆုံအားပေးကာ မူရင်းလစာအပြင်ထပ်ဆောင်းငွေများ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ထောက်ပံ့ချီးမြှင့်ရာ၌ အမျိုးသမီးနှင့် လူငယ်အသင်း စုစုပေါင်း (၅)သင်းမှ ကစားသမား ၊ နည်းပြ/အုပ်ချုပ်(၁၈၆) ဦးအတွက် လစာအပြင် ထပ်ဆောင်းပံ့ပိုးငွေ တစ်ဦးလျင် ကျပ် တစ်သိန်းဖြင့် စုစုပေါင်း ကျပ် (၁၈၆) သိန်းအား ချီးမြှင့်ခဲ့ခြင်းဖြစ်ကာMFF အနေဖြင့် ကာလတို လေ့ကျင့်သည့် အမျိုးသား လက်ရွေးစင် အသင်းကြီးမှအပ ကာလရှည် နေထိုင်လေ့ကျင့်ရသည့် အမျိုးသမီးနှင့် လူငယ်အသင်းများအား လစာနှုန်းထားဖြင့် ထောက်ပံ့လျက်ရှိပါတယ်။ 
နိုင်ငံတကာပြိုင်ပွဲများအတွက်သက်တမ်းအလိုက် လေ့ကျင့်နေသည့် အမျိုးသား/အမျိုးသမီးဘောလုံးအသင်းများကို အဖွဲချုပ်ဥက္ကဋ္ဌ တွေ့ဆုံအားပေးနေ
May 16 • 7:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


