ရှမ်း(သျှမ်း)ပြည် တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီး လမ်းသွားလာမှုအခက်အခဲများကြုံတွေနေရကြောင်း တောင်ကြီးမြို့ခံများထံမှ သိရပါတယ်။ (မေလ ၁၅ ရက်) ညနေပိုင်းတွင်း သျှမ်းပြည် တောင်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီး အုတ်တံတိုင်းများပြိုကျပျက်စီးခြင်း၊ ကားလမ်းများပေါ်သို့ ရေလျှံခြင်း၊ မော်တော်ကားများနှင့် ဆိုင်ကယ်များပါ ရေနစ်မြုပ်ခြင်းတို့အထိဖြစ်ပေါ်နေကြောင်း တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။ပြည်တော်သာနဲ့ ဦးကြီးခမ်းရပ်မှာတော်တော်ဆိုးကာလူဦးရေထူထပ်လာပြီး၊ လူနေအိမ်ခြေများပြားလာခြင်း အိမ်ဆောက်သည့်အခါ အိမ်ဝန်းအပြည့် ကွန်ကရစ်ခင်းခြင်းတို့ လုပ်ဆောင်ကြသော်လည်း ကောင်းမွန်သည့် ရေနုတ်မြောင်းစနစ်မရှိခြင်း၊ ရေမြောင်းများအတွင်းသို့ အမှိုက်များစွန့်ပစ်ခြင်းတို့ကြောင့် ရုတ်တရက်မိုးကြီးသည့်အခါ မြောင်းရေလျှံပြီး ရေကြီးမှုများဖြစ်နေကြောင်း သိရပါတယ်။
May 16 • 2:53 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 12 | 0 | 0 | 0 |


