back

ရှောင်မီ အီးဗီကားသစ် မှာယူမှုများ ကျဆင်း လာပြီးအမာခံပရိသတ်များ မကျေနပ်မှုကြောင့် အကျပ်အတည်း ဆိုက်

May 16 • 2:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရှောင်မီ အီးဗီကားသစ် မှာယူမှုများ ကျဆင်း လာပြီးအမာခံပရိသတ်များ မကျေနပ်မှုကြောင့် အကျပ်အတည်း ဆိုက်

ရှောင်မီ အမာခံပရိသတ် ကားပိုင်ရှင်များက ရှောင်မီကုမ္ပဏီ၏ လုပ်ရပ်အပေါ် မကျေနပ်ကြသဖြင့် ပွဲဆူနေစဉ် Xiaomi SU7 အီးဗီ ဆီဒင် မော်ဒယ်အတွက် အမှာစာသစ်များ ကျဆင်းသွားသည်...

ရှောင်မီ အမာခံပရိသတ် ကားပိုင်ရှင်များက ရှောင်မီကုမ္ပဏီ၏ လုပ်ရပ်အပေါ် မကျေနပ်ကြသဖြင့် ပွဲဆူနေစဉ် Xiaomi SU7 အီးဗီ ဆီဒင် မော်ဒယ်အတွက် အမှာစာသစ်များ ကျဆင်းသွားသည်ကို တွေ့မြင်ရကြောင်း စောင့်ကြည့် လေ့လာသူများက ပြောကြားကြသည်။ ပြိုင်ကားဆန်ဆန် လျှပ်စစ်ကား SU7 ကို ယမန်နှစ် မတ်လတွင် စတင်ထုတ်လုပ်ပြီးနောက် တရုတ်ယာဉ်ပိုင်ရှင်များအကြား လျင်မြန်စွာ ရေပန်းစားသွားခဲ့သည်။ တရုတ်ပြည်ဈေးကွက်မှာ ဒီဇင်ဘာလ တလတာ ရောင်းအားတွင် SU7 က တက်စလာ Model 3 ထက် ပိုများခဲ့သည်။ ယခုအခါ ရှောင်မီကားပိုင်ရှင်များက ရှောင်မီအပေါ် စိတ်ပျက်ကုန်ကြသည်ကို ရှောင်မီ ရင်ဆိုင်နေရသည်။


news-view-count-icon

20